နေရောင်နှင့်မထိတွေ့အောင် နေပါက နှစ် ၂၀ ခန့်အထိ ပိုငယ်သည်ဟု ထင်ရဖွယ်ရှိ...
25-Feb-2017
နုပျိုတဲ့အသားအရေဖြစ်အောင် ရေ တစ်ဖန်ခွက်ပြီး တစ်ဖန်ခွက် မနားတမ်းသောက်ရတာ၊ ပြီးတော့ အိပ်ရေးဝဝ အိပ်ရတာ အဲဒါတွေကိုမေ့ပစ်လိုက်ပါတော့။နုပျိုချင်တယ်ဆိုရင် တကယ်တမ်း လုပ်ရမှာက နေရောင်ခြည်နဲ့ မထိအောင် နေလိုက်ရုံပါပဲတဲ့။ အမေရိကန်အရေပြား အထူးကုဌာနကြီးက အမျိုးသမီး ရာပေါင်းများစွာကို လေ့လာပြီးမှ ဒီလေ့လာချက်ကို ထုတ်ပြန်တာပါ။ နေရောင်နဲ့ မထိတွေ့အောင်နေတဲ့ အမျိုးသမီးတွေဟာ ရှိရင်းစွဲ အသက်ထက် ၂၀ လောက်အထိ အရွယ်တင်နုပျိုနေတယ်လို့ ထင်ရတယ်လို့လေ့လာသူတွေက ဆိုတာပါ။
အသားအရေ နုပျိုလန်းဆန်းနေအောင် ရေများများသောက်ရမယ်၊ အိပ်ရေးဝဝအိပ်ရမယ်၊ လေ့ကျင့်ခန်းတွေ လုပ်ရမယ်ဆိုပေမယ့် တကယ်တမ်းကတော့ အဲဒီအလေ့အကျင့်တွေက အသားအရေနုပျိုနေအောင် လုပ်မပေးနိုင်ပါဘူးတဲ့လေ။ နေရောင်ခြည်နဲ့ မထိတွေ့အောင်နေတာ၊ မလွှဲသာလို့ နေရောင်ထဲ ထွက်ရမယ်ဆိုလည်း နေရောင်ကာခရင်မ်လိမ်းတာ စတဲ့အလေ့အကျင့်တွေကသာ လူတွေရဲ့အသားအရေနုပျိုနေအောင် သိသိသာသာ လုပ်ပေးနိုင်တာပါတဲ့။ အသက်အရွယ်စုံပါတဲ့ အမျိုးသမီးပေါင်း ၂၃၁ ဦးကို သုတေသီတွေက လေ့လာခဲ့တာပါ။
အဲဒီအမျိုးသမီးတွေ နေရောင်ထဲထွက်ပြီး နေပူဆာလှုံလေ့ရှိလား၊ မရှိလားဆိုတာတွေကို သူတို့ကမေးမြန်းခဲ့ပါတယ်။ နေရောင်နဲ့အထိအတွေ့ နည်းတဲ့လူတွေက နေရောင်နဲ့ထိတွေ့လေ့ရှိတဲ့ လူတွေထက် အများကြီးနုပျိုနေတာကို သုတေသီတွေလေ့လာတွေ့ရှိခဲ့ပါတယ်။ အင်မတန်ကံကောင်းတဲ့ အမျိုးသမီးလေးဦးဆို အသားအရေက နုပျိုလွန်းလှတာမို့ ရှိရင်းစွဲအသက်ထက် နှစ် ၂၀ ပိုငယ်တယ်လို့တောင် ထင်ရပါသတဲ့လေ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.285, April 2016, Pg. 156
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

